ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်စရိတ် ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်တွင် ရဲတပ်ဖွဲ့မိသားစုမှ မူလတန်း၊အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။