ဘုတ်ပြင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကြီးကြပ်မှုဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမွေးမြူရေးနှင့် တိရိစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဆင်းပွဲကို ယမန်နေ့က ကမာချောင်းကျေးရွာ အုပ်စု အေးချမ်းမြိုင်-၁ ကျေးရွာ ၊ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူ ဒေါ်တင်ဝေနှင်းတို့က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ယင်းနောက် သင်တန်းတွင် သင်တန်းသားထူးချွန်ဆုရရှိသော သင်တန်းသားကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအေးမင်းထွေးကလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက သင်တန်းကာလလွန် သင်ထောက်ကူပြုပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့် သင်တန်းသား သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)