ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ စပါးလင်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် စပါးလင်ပင်များကို အိမ်ဘေးရှိ မြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း အပင်များခွဲ၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ပျိုးကြောင်း နွေရာသီကာလတွင် အပင်ထွက်နှုန်းနည်း၍ မိုးတွင်းကာလတွင် အပင်ထွက်နှုန်းများကြောင်း စပါးလင် (၁) စည်းလျှင် (၅၀၀)ကျပ် ရရှိပြီးရရှိသော စပါးလင်ပင်များကို လေညာအရှေ့ရပ်ကွက်ရှိ ဆိုင်များသို့ ဖောက်သည်သွင်းကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့် ဥယျာဉ်ခြံများတွင် နှစ်တိုနှစ်ရှည်ပင်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)