ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စွန့်ပစ်ပစ္စည်းများ စနစ် တကျ စွန့်ပစ်တတ်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကမ္ဘာတွင် ပလတ်စတစ်သုံးစွဲမှုမှာ နှစ်ပေါင်း (၁၀၀) ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူအများသုံးစွဲပြီး စွန့်ပစ်လိုက်သည့် ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ မဆွေးမမြေ့ဘဲ စုပုံနေတက်ကြောင်း၊ ပလတ်စတစ်သည်အလွန် အသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အပြင် ဆိုးကျိုးအနေဖြင့် စွန့်ပစ်သည့် ပစ္စည်းများသည် လေထုရေထုနှင့် သဘာဝပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြားသက်ရှိ သတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဥတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း အာရုံကြောရောဂါများ ဖြစ်တက်သဖြင့် ပလတ်စတစ်များအား စနစ်တကျ သုံးစွဲ၍ စွန့်ပစ်သင့်ကြာင်းတို့ကို ကျောင်းသား/ ကျောင်းသူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)