ထားဝယ်မြို့နယ်အတွင်းရှိ လယ်ဧက (၁၅၅၄) အတွက် ငွေကျပ်သိန်း(၃၁၀၈)နှင့် ညီမျှသောမျိုးစပါး/သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထားဝယ် ဇွန်  ၁၇

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း(မြစိမ်းရောင်)သမဝါယမကဏ္ဍမှ ထားဝယ်မြို့နယ်အတွင်းရှိ လယ်ဧက (၁၅၅၄)အတွက် ငွေကျပ်သိန်း(၃၁၀၈)နှင့် ညီမျှသောမျိုးစပါး/ သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)သမဝါယ မကဏ္ဍဆောင်ရွက်မည့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းများက အသင်းသားတောင်သူများအား မတည်ရင်းနှီးငွေ ပေးအပ်ခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က ထားဝယ်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက(၁၅၅၄)ဧကအား တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့်သွင်းအားစုများပေးအပ်ခြင်းနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိပြီး ရေမြုပ်ခြင်းမှ ကာကွယ်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးတို့ကိုရှင်းလင်းပြောကြားသည်။

ထို့နောက်ထားဝယ်မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သမဝါယမအသင်းစုသို့မတည်ရင်းနှီးငွေများပေးအပ်သည်။

ဆက်လက်၍တာဝန်ရှိသူများက ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ ၄ ခုရှိ အသင်းသားတောင်သူ (၂၃)ဦး၏မိုးစပါး စိုက်ဧက(၁၅၅၄) ဧကအတွက် မျိုးစပါးနှင့်သွင်းအားစုများပေးအပ်ပြီး အသင်းသား တောင်သူများ ကိုယ်စားတောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)