ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ၌ (ပေါင်ပျိုး) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်အား လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရက် (၁၀၀) စီမံချက် လုပ်ငန်းများဖြစ်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကျေးရွာ မကျည်းကုန်းရှိ တောင်သူ ဦးညီညီလွင်၏လယ်တွင် ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက (ပေါင်ပျိုး) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပသည်။