တနင်္သာရီတိုင်းဒေသကြီး

ကျွန်းစုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ထိန်ချောင်းကျေးရွာရှိ အခြခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောသည်။

ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက (တတိယအကြိမ်) တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက တိုက်ဆိုင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” သို့တက်ရောက် ကြည့်ရှုအားပေး

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်မျှ‌ဝေအသုံးချနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ် ၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့၌ ဒို့အတူတူ မဲပေးကြစို့ လှုံဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်-ရေး-ထားဝယ် အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနအရှေ့ ပြည်ထောင်စုလမ်းမကြီး နံဘေး လူစည်ကားရာနေရာများတွင်ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် (GBV) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သားဖွားသင်တန်းကျောင်း (မြိတ်) ခန်းမတွင် ကျင်းပသည်။

ကော့သောင်း၌ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ကြိုဆိုဂုဏ်ပြု ကွင်းဆင်းဆေးကုသ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု (၇)မိုင်၊ ချောင်းဝကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌  ကျောင်းသား၊ ကျောင်းသူများဖြင့် လူငယ်စကားဝိုင်းကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၈ ရက်က ကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ  ၈ ရက်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပခဲ့သည်။

ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသခြင်းကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး