ပုလောမြို့နယ်၌  မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ၌ (ပေါင်ပျိုး) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်အား လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပ

ပုလော ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရက် (၁၀၀) စီမံချက် လုပ်ငန်းများဖြစ်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကျေးရွာ မကျည်းကုန်းရှိ တောင်သူ ဦးညီညီလွင်၏လယ်တွင် ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက (ပေါင်ပျိုး) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့်  လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပသည်။

အဆိုပါ သရုပ်ပြစိုက်ပျိုးပွဲတွင် ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းက တောင်သူများကို သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၁၄) ချက်နှင့်အညီ (ပေါင်ပျိုး) ပျိုးထောင်စိုက်ပျိုးနည်းလမ်းများ၊ မျိုးကောင်းမျိုးသန့် သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးစိုက် ပျိုးရေးဆိုင်ရာ အလေ့အကျင့်များ၊ လိုက်နာကျင့်သုံးရမည့် နည်းလမ်းများကို  ရှင်းလင်းသည်။

ပုလောမြို့နယ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး မကျည်းကုန်းကျေးရွာရှိ စံပြကျေးရွာ တောင်သူ ၇၈ ဦး ၊ လယ်ဧက ၃၀၀ ရှိ ကြောင်း၊ တောင်သူ ဦးညီညီလွင်က မျိုးကောင်း မျိုးသန့် သုံးစွဲပြီး စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ယခင်နှစ်ထက် အထွက်နှုန်း ကောင်းမည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် ဝင်ငွေတိုးပွားစေဖို့ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။

မြို့နယ် (ပြန်/ဆက်)