မကွေးတိုင်းဒေသကြီး

ဆင်ပေါင်ဝဲမြို့၌ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။

ပဲစင်းငုံသီးနှံရာသီကုန်ချိန်အထိ စျေးကောင်းရ၍ တောင်သူများအဆင်ပြေ

ယခုနှစ်တွင် ပဲစင်းငုံသီးနှံရာသီတွင် စျေးနှုန်းကောင်းမွန်ပြီး အထွက်နှုန်းကောင်းသည့်အတွက် နတ်မောက်မြို့နယ်အတွင်းရှိ ပဲစင်းငုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ ပဲစင်းငုံသီးနှံပေါ်ချိန်မှစ၍ ယခုလက်ရှိအချိန်ထိ စျေးနှုန်းရကြသဖြင့် တောင်သူများအတွက် ယခင်နှစ်များနှင့်မတူဘဲ စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရသည်။

နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က Book Club နှင့်ပူးပေါင်း၍ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ချောက်မြို့၌ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်သို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မီး​ဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ပေးအပ်

ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် တောင်သူများထံသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ထန်းကောက်ကျေးရွာအုပ်စု၊ ထန်းကောက်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် ကြာဖက်များ အခမဲ့ဖြန့်ဝေဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်း သက်သာစေရေး ပလတ်စတစ် သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက် ကြာဖက်အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်လျက်ရှီရာယနေ့ ယနေ့နံနက် (၈) နာရီ ၁၅ အချိန်က ဆောင်ရွက်ခဲ့သည်။

မကွေးမြို့နယ်ရှိ သံဘိုရွာသစ် စံပြကျေးရွာကို မြန်မာတစ်နိုင်ငံလုံးမှာ ပထမဦးဆုံး မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ မကွေးမြို့နယ် သံဘိုရွာသစ်စံပြကျေးရွာအား မျက်စိအတွင်းတိမ်ကင်းစင်ရွာအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျက်စိအတွင်းတိမ်ကင်းစင်ပြီး အလင်းရလာကြသည့် သံဘိုရွာသစ်မှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး