ကံမ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က ပညာရေးဆိုင်ရာများအားဆွေးနွေးပြောကြားပြီးနောက် အခြေခံပညာကျောင်းများအနက် ကျောင်းအလိုက် ထူးချွန်ဆုရရှိကြသည့် ကျောင်းများနှင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကာယ။ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူလေးများက အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)