စေတုတ္တရာ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းတွင် မွေးကင်းစမှ(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးကို ကလေးငယ်များအတွက် အာဟာရချို့တဲ့မှုများမှကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက် (၆) လလျှင်တစ်ကြိမ် ပုံမှန်တိုက်ကျွေးပေးလျက်ရှိပြီး မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်းင့်ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)