စလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံမိုးကုတ်ရိပ်သာတို့တွင် ဥပုသ်သီလခံယူဆောက်တည်သူများပြား

 စလင်း ဧပြီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၊ မိုးကုတ်ရိပ်သာတရားစခန်းများ၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့နံနက် ၆ နာရီမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဘုရားပန်းများကပ်လှူခြင်း ဆီမီးပူဇော်၍ဆွမ်းကပ်လှူ ဥပုသ်သီလခံယူဆောက်တည်၍ ကုသိုလ်ဒါနပြုလုပ်ကြကြောင်း သိရသည်။

၁၃၈၇ခုနှစ် နှစ်သစ်ကူးမဟာသင်္ကြန်ကာလတွင် စလင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ မိုးကုတ်ရိပ်သာနှင့် ဓမ္မာရုံများ၌ စတုဒီသာကျွေမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီးအဘိုး /အဘွားများ၊ ဒေသခံပြည်သူများမှသွားရောက်ပြီး သင်္ကြန်ကာလအခါသမယတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှုကုသိုလ်ပွားများပြုလုပ်() ရက်တရားစခန်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲများဝင် (၈၂) (၉၉) ကြိမ်မြောက် တရားစခန်းများဝင်ရောက်၍ တရားအားထုတ်လျက်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)