မင်းဘူး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန် ပိတ်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၅ နာရီက မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ဦးစွာ သင်္ကြန်ပိတ်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က နှစ်သစ်ကူးမင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားကာ ဆုရယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူမျာက ယိမ်းပြိုင်ပွဲတွင် ဆုရရှိသော ယိမ်းအဖွဲ့များနှင့် တစ်ပင်တိုင်အကဖွဲ့များကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၉) ဖွဲ့နှင့် တစ်ပင်တိုင်အက (၁၂) ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး နိုင်ငံကျော်တေးသံရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များက ခေတ်ပေါ်တေးဂီတများဖြင့် မဟာသင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ မဟာသင်္ကြန်ကျင်းပစဉ် လေးရက် ကြာကာလ စတုဒီသာများဖြင့် နေ့စဥ်ဧည့်ခံကျွေးမွေးကာ အနယ်နယ်အရပ်ရပ်မှ လာရောက်ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)