ပခုက္ကူမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (အတက်နေ့) တွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသည့် ပြည်သူများဖြင့် ဆက်လက်စည်ကား

ပခုက္ကူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ရေဘင်ပွဲတော် (အတက်နေ့) နံနက်ပိုင်းကစတင်ကျင်းပခဲ့ရာ အေးချမ်းပျော်ရွှင်စွာလာရောက်ရေကစားကြသည့် သင်္ကြန်ပွဲလာပြည်သူများဖြင့် ဆက်လက်စည်းကားလျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ရေသဘင်ပွဲတော် (အတက်နေ့) တွင် ပခုက္ကူမြို့ရှိ ဗဟိုမဏ္ဍပ်ဌာနဆိုင်ရာများ၊ ကျောင်းများနှင့်ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များ၏ မြူးကြွလှပသောအကအလှများဖြင့် ဧည့်ခံဖျော်ဖြေမှုများအပြင် တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာရေသဘင်ပါဝင်ဆင်နွှဲနေမှု၊ အေးမြလန်းဆန်းမှုပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စတုဒိသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များ၌ လှည့်လည်ရေပက်ခံကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)