ရွှေကျင် ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၁၉ခုနှစ်တွင် သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဩဂုတ် ၁၀ ရက်နံနက် ၁၀နာရီအချိန်က ကျင်းပသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ်အတွင်း ၂၀၁၉ ခုနှစ်၌ သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း (၁၆)ရွာမှ ဧကပေါင်း(၄၀၄၁)ဧကအတွက် တစ်ဧကလျှင်(၁၀၀၀၀) ကျပ်နှုန်းဖြင့် ကျပ် (၄၀၄၁၀၀၀၀) တိတိအား တောင်သူများ၏ကိုယ်စား ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်မြင့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးအောင်မြင့်ထွေးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)