တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၂၈၀၀ဦးရှိ

တာချီလိတ်  ဩဂုတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို  ဩဂုတ်လ ၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရှိ စုရပ်( ၄)နေရာတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၂၈၀၀ဦးရှိပြီဖြစ်ကြောင်းသိရသည်။

တာချီလိတ်​မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စုရပ်လေးနေရာ ဖြစ်သည့် အောင်မြတ် ခန်းမ​၊ ရန်အောင်မြေရပ်ကွက်ရှိ တရုတ်ဘုံကျောင်း၊ဟောင်လိတ်(အထက) ကျောင်းနှင့် ဆီလီငေါ့ (အမက) ကျောင်းစသည့်နေရာများ၌  ထိုးနှံ​ပေးခဲ့ရာ ဩဂုတ်လ ၁ ရက်နေ့တွင် (၈၁၈) ဦး၊ ဩဂုတ်လ  ၂ ရက်နေ့နှင့် ယ​​နေ့တွင် (၁၉၈၂) ဦးလာရောက်ထိုးနှံခဲ့ကြရာ စုစုပေါင်း လူဦးရေ (၂၈၀၀)တို့ ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ခရိုင်ကိုဗစ် (၁၉) ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအား​​ပေးပြီး လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)