မြစ်ကြီးနား သြဂုတ် ၆
ကချင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ် ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်မှ ပေးပို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး သုံးပစ္စည်းများအား ယမန်နေ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါး နော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရ ယူခဲ့သည်။
ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသော ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ လက်ခံရယူရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင်သည် မိမိတို့နှင့်အိမ်နီးချင်း ကောင်းပီသစွာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ယခုလို လက်တွဲကူညီပြီး ကာကွယ်ကုသရေးသုံးပစ္စည်းများ လှူဒါန်း ပေးအပ်သည့်အတွက် ပြည်နယ်သူ/ သားများ ကိုယ်စား အထူးပင်ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တု ထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသည့် အောက်စီဂျင်လေထုတ်စက် ၅ ခု၊ အောက်စီဂျင်လေအိုး အလုံး ၄၀၊ Oxygen Flow Meter ၄၀ ခု၊ အောက်စီဂျင်လေအိတ် ၄၀၀ ခု၊ N95 နှာခေါင်းစည်း Mask ၂၀၀၀ ခု ၊ Surgical Mask ၃၀၀၀၀ ၊ PPE ဝတ်စုံ ၁၆၀၀ နှင့် ရာဘာလက်အိတ် ၁၅၀၀ ခုတို့ကို တာဝန်ခံကိုယ်စားလှယ်ဦးမြင့်ထွေးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေး အပ်ခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်ကိုယ်စား တာဝန်ခံ ကိုယ် စားလှယ်က ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ပေးပို့လှူဒါန်းလာ သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး သုံးပစ္စည်း များကို ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် စတုတ္ထ အကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းကို ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်နှင့် ဒူကထောင်ရပ်ကွက် မနက်ဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့ကြပြီး နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင် သွားလာရေးနှင့် ကိုဗစ်-၁၉ ရောဂါ အကြောင်း အသိပညာပေးခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်