ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အတွင်းတွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုး/အဘွားများကို ကာကွယ် ဆေးထိုး နှံပေး

ဒဂုံဆိပ်ကမ်း ဩဂုတ် ၄ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး/ အဘွားများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စုရပ်(၁) အမှတ်(၁၆၈) ရပ်ကွက် အ မ က(၇)ကျောင်း ၊ စုရပ်(၂) အမှတ်(၉၃)ရပ်ကွက် အထက (၄)ကျောင်း၊ စုရပ်(၃)(၆၀)ရပ်ကွက် ဧရာ၀ဏ်ကျောင်းတို့၌ ကိုဗစ် ကာကွယ် ဆေးများ ဆက်လက်ထိုးပေးလျက်ရှိကြောင်း မြိုနယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် ကုသရေး ကော်မတီထံမှသိရပါသည်။ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် စာရင်းကောက်ယူပြီး အဘိုး/ အဘွား(၁၀၃၁၄)ဦးရှိပြီး၊ ကာကွယ် ဆေးထိုးပြီး သူပေါင်း(၃၂၄)ဦး ကာကွယ်ဆေးများ ထိုးပြီးနေပြီး၊ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများကို(၂-၈-၂၀၂၁) ရက်နေ့မှ (၅-၈-၂၀၂၁)ရက်နေ့ထိ ဆက်လက်၍ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေး လာရောက်ထိုးသူ အဘိုး/အဘွားများကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန မှချမှတ် ထားသော စည်းကမ်းချက်များနှင့်အညီ လာရောက်ဆေးထိုးကြရန်နှိုးဆော်ထားပြီး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ၊ volunteerများ၊ ကြက်ခြေနီ အဖွဲ့၀င်များ၊ မီးသတ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး၀န်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။ ကိုဗစ် ကာကွယ်ဆေးများကို ဦးစားပေးအလိုက် (၆၅)နှစ်နှင့် အထက်အဘိုး/အဘွားများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ volunteer နှင့်ပရဟိတအဖွဲ့များ၊ သာသနာရေးကျောင်းများ၊ နိုင်ငံ၀န်ထမ်းများ၊ မိသားစု၀င်များ၊ စက်ရုံ/ အလုပ်ရုံ၀န်ထမ်းများ အသီးသီးကို ဆက်လက်ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)