ဒက္ခိဏသီရိ စက်တင်ဘာ ၁၇
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ စက်ရုံ အလုပ်ရုံ များမှဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့် အထက်အသက်ကြီးသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ စက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို စုစုပေါင်း လူဦးရေ (၃၀၀)ဦးခန့်ကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိသူများကို စက်တင်ဘာ(၁၈)ရက်နေ့အထိ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)