ပေါက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ အတွက် အငြိမ်းစား(ပင်စင်)လစာငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေး လျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဘဏ်အတွင်းသို့ဝင်ရောက်ရာတွင် လက်များကိုစနစ်တကျဆေးကြောစေခြင်း ၊ နှာခေါင်းစီး Mask များ တပ်ဆင်စေခြင်း၊ Alcohol ပါ လက်သန့်ဆေးရည်များ ရုံးအတွင်း စီစဉ်ထားရှိခြင်း ၊ ခြောက်ပေအကွာသတ်မှတ် နေရာများစီစဉ်ဆောင်ရွက်ထားပြီး အလှည့်ကျစနစ်ဖြင့် စနစ်တကျထုတ်ယူ ပေးလျက်ရှိကြောင်းနှင့် ပေါက်မြို့နယ် တွင် ပင်စင်စားဝန်ထမ်းပေါင်း(၁၂၈၆)ဦးရှိပြီး စက်တင်ဘာလ ၂၂ ရက်နေ့အထိ ပင်စင်လာရောက်ထုတ်ယူပြီး သူပေါင်း (၅၄၁) ဦးရှိပြီဖြစ် ကြောင်းနှင့်စက်တင်ဘာလအတွက် ပင်စင်လစာများကို အောက်တိုဘာလ (၂၀)ရက်နေ့ အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)