သာစည်မြို့နယ်တွင် နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက် လုပ်နေမှုများ ကွင်းဆင်း စစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး

 

သာစည်             စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လှိုင်းတက်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်နေမှုတို့ကိုစက်တင်ဘာ ၁၇ ရက်နံနက် ၁၀ နာရီကတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး  တပ်မတော် ဖိနပ်စက်ရုံနှင့်မိုးရေကာဖျင်စက်ရုံတို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်     တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆုလာဘ်ပြည့် ဆောက်လုပ်ရေး ကုမ္ပဏီကတာဝန်ယူ ဆောက်လုပ်လျက်ရှိသော(သံကူကွန်ကရိ) အလျား ၅၀ ပေ ၊အနံ ၄၅ ပေ၊ အမြင့် ၂၆ ပေ  RC  နှစ်ထပ်(ရေသန့်/လျှပ်စစ်ပါ) နယ်မြေမီးသတ်စခန်း ဆောက်လုပ်နေမှုကို ကြည့် ရှုစစ်ဆေးသည်။   ဆက်လက်ပြီး   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည်     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်   Bright Day  ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ် လျက်ရှိသော အလျား ၃၆ ပေ၊အနံ ၃၀ ပေ Steel Structure  တစ်ထပ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး  ဆောက်လုပ်နေမှုကို   ကြည့်ရှုစစ်ဆေးပြီး ဆောက်အဦအရည်အသွေးပြည့်မီရေးနှင့် အချိန်မီဆောက်လုပ်ပြီးစီးရေး တို့ကိုတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်မတော်ဖိနပ်စက်ရုံနှင့် မိုးရေကာဖျင်စက်ရုံတို့မှ လူမှုဖူလုံရေးအာမခံအလုပ်သမားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာသို့  သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။    

 

မြို့နယ်ပြန်/ဆက်