ပခုက္ကူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူခရိုင်နှင့်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၁၁နာရီ အချိန်က တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအဖြစ် မြို့အဝင်/ အထွက်ကျန်းမာရေးစစ်ဆေးရေး ဂိတ်များဖွင်လှစ်ထားရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များအား စစ်ဆေးနေသည့်အခြေအနေ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် Mask Campaign လှုပ်ရှားဆောင် ရွက်သည့်အခြေအနေ၊ နှစ်၊လ၊ရက်များအလိုက် ကိုဗစ်ရောဂါပိုးရှိ/မရှိစစ်ဆေးပြီး ရောဂါပိုးတွေ့ရှိမှု အခြေအနေ၊ ရောဂါပိုးတွေ့ အတည်ပြုလူနာများအား ဆေးကုသမှုပေးနေသည့် အခြေအနေ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုး နှံပေးမည့် အခြေအနေအကြောင်းတို့ကို လုပ်ငန်းစဉ်များအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရာဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သော ကိုဗစ်-၁၉ပိုးတွေ့အတည်ပြု လူနာများအတွက် ကျွေးမွေး စရိတ်နှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပရာ ဝန်ကြီးချုပ်ဦးတင်လွင်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းတို့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူများကျွေးမွေး စရိတ်အဖြစ် ပခုက္ကူမြို့နယ်အတွက် ငွေကျပ် ၄၃ဒသမ၆သိန်း၊ ရေစကြိုမြို့နယ်အတွက် ငွေကျပ် ၅၃ဒသမ၅သိန်း၊ မြိုင်မြို့နယ် အတွက် ၆၀ဒသမ၃သိန်း၊ ပေါက်မြို့နယ်အတွက် ၁၀ဒသမ၆သိန်း၊ ဆိပ်ဖြူမြို့နယ်အတွက် ၂၅ဒသမ၆သိန်းတို့အား သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌများထံသို့လည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းသုံး ကာကွယ်ရေးပစ္စည်းများအား စေတနာ့ဝန်ထမ်းများထံသို့လည်းကောင်း၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ အတွက်အာဟာရ ခေါက်ဆွဲခြောက်နှင့်ကြက်ဥများအား ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင် ဝင်းထံသို့လည်း ကောင်းအသီးသီးထောက်ပံ့ပေးအပ်ကြရာ လူမှုရေးအသင်းအဖွဲ့များကိုယ်စား အနာဂတ်အလင်း ရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ် ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရှိန်မ ပျက်ဆက်လက်ဆောင်ရွက်ကြရန်တို့ဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)