မဘိမ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

မဘိမ်း      စက်တင်ဘာ      ၁၈  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ခိုတာကျေးရွာအုပ်စု၊ ဝိုင်းလုံကျေးရွာဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။  

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးကျော်သက်နိုင် နှင့်ဝန်ထမ်းများက ကျေးရွာအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း များစိစစ်၊ လဲလှယ်ခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ခိုတာကျေးရွာအုပ်စုအတွင်းရှိ ခိုတာကျေးရွာတွင် ပုံစံ ၃(က)ပြု လုပ်သူ(၂၈)ဦး၊ ပြင်လဟာကျေးရွာတွင် ပုံစံ ၃(က)ပြုလုပ်သူ(၃၄)ဦးနှင့် အိမ်ထောင်စု(၉)စုတို့ အတွက် အိမ်ထောင်စုလူဦး ရေစာရင်းပြုလုပ်ပေးခဲ့ပြီး၊ မွေးတိုးများဖြည့်သွင်းပေးခြင်း၊ သေဆုံးစာရင်းများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်းတို့ကို စက်တင်ဘာ ၁၃ ရက်နေ့မှ  ၁၅ ရက်နေ့အထိ ၃ ရက် ကြာ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ဝိုင်လုံကျေးရွာအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် မွေးတိုး/ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ ပြောင်းထွက်လုပ်ငန်းများကိုလည်း တစ်ဆက်တည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ် ရေး  နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဘိမ်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မျိုးမင်း (ပြန်/ဆက်)