မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လှူဒါန်းရေးအဖွဲ့သို့ ဆွမ်းဆန်တော်အိတ်(၅၀၀) လှူဒါန်းပေး

 

မော်လမြိုင်     စက်တင်ဘာ      ၂၂

 

မော်လမြိုင်မြို့လုံးကျွတ်ဆွမ်းဆန်တော်လှူဒါန်းရေးအဖွဲ့သို့ဆွမ်းဆန်တော်အိတ်များလှူဒါန်းခြင်း အခမ်းအနားကိုယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့  ဘိုကုန်းရပ်ကွက် ဓမ္မနန္ဒီပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး   ဗိုလ်ချုပ်ကိုကိုမောင်၊   ပြည်နယ် ဝန်ကြီးများ၊   ဌာနဆိုင်ရာများနှင့်    အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဧည့်ပရိသတ်အပေါင်းတို့က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ရွှေဆရာတော် ဘဒ္ဒန္တ ပညာဝံသထံမှ    ငါးပါးသီလ     ခံယူဆောက်တည်ကြပြီး  ဆရာတော်၊ သံဃာတော်များမှ   ဘဝတုသဗ္ဗမင်္ဂလံ ၃ ဂါထာရွတ်ဆိုမေတ္တာပို့သသည်။  ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆရာတော်များထံ   လှူဖွယ်ပစ္စည်းများနှင့်  ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြပြီးရွှေမြင့်မိုရ် ဓမ္မနန္ဒီဆရာတော်နှင့် အလှူရှင်များ၊    ဝိုင်အမ်ဘီအေ အသင်းသူ အသင်းသားများကိုယ်စား မြို့နယ်ဝိုင်အမ်ဘီအေအသင်းဥက္ကဋ္ဌ ကဆွမ်း ဆန် တော်များလှူဒါန်းပေးရာ ပြည်နယ်အုပ်ချုပ်ရေးမှူးမှလက်ခံရယူ၍ ဂုဏ်ပြုမှတ် တမ်းလွှာပြန် လည်ပေးအပ်သည်၊၊

 

ဆက်လက်၍သီတာနန္ဒီကျောင်းဆောင်နှင့် သိမ်ပြုပြင် အသစ်ဆောက်လုပ်ရန် မတည်အလှူရှင်  ၃ ဦးက ကျပ်သိန်း ၁၃၀၀ လှူဒါန်းပေးရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်၍ရွှေမြင့်မိုရ်ဓမ္မနန္ဒီဆရာတော်ဒေါက်တာအရှင်ပဏ္ဍိတက ဆွမ်းဆန် တော်အိတ် ၅၀၀  တန်ဖိုးငွေကျပ်  ၁၂၅သိန်း  လှူဒါန်း ရခြင်းလျှောက်ထားပြီး   ပြည်နယ် သံဃနာ ယက ဥက္ကဋ္ဌ ဆရာတော်ထံမှ  အနုမောဒနာတရားနာယူကြည်ညိုကာ   လှူဒါန်းမှုတို့ အတွက်ရေစက် သွန်းလောင်း အမျှပေးဝေသည်၊၊

 

ထို့နောက် ဆရာတော်၊   သံဃာတော်များ၊   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊  အလှူရှင်တို့သည် ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်ဝင်းအတွင်း အသစ်ဆောက်လုပ်မည့် ထေရာဝါသ ကျောင်းဆောင်သစ် အတွက် ပန္နက်တော်များ ရိုက်နှိပ်ပေးခဲ့ကြောင်းသိရသည်၊၊

 

ဇာဖြူဝင်း(ပြန်/ဆက်)