စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါအခြေအနေ၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ နေကြာသီးနှံ၊ မိုးကြိုဝါမျိုးစေ့များပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုပြပွဲ အခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ(၇)ရက်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဆင့်မြင့် ပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။