သိန္နီ ဇူလိုင် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၊ ရွှေဘုန်းပွင့် ဓမ္ဓာရုံတော်ကြီးတွင် ဝါတွင်းသီတင်း သုံးတော်မူသော သိန္နီမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာများအား ဆွမ်း၊ ဟင်းများ လောင်းလှူခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် သိန္နီမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၏ ဦးဆောင်မှုဖြင့် ရွှေဘုန်းပွင့် ဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်မိရပ်ဖများက ဝါတွင်း၌ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လောင်းလှူခြင်းဖြစ်သည်။ သိန္နီမြို့တွင် ဝါတွင်း သီတင်းသုံးနေသော ရဟန်းသံဃာများ ဆွမ်းကိစ္စအဆင်ပြေစေရေး၊ သီတင်းသီလများ ပွားများနိုင် ရေးနှင့် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွာရေးတို့အတွက် ဆွမ်းလောင်းပွဲကို ဝါတွင်းသုံးလတွင် အပတ်စဉ်အလှည့်ကျ ဌာနဆိုင်ရာများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
စောဥမ္မာ(သိန္နီ)