မော်လမြိုင် ဇူလိုင်၂၁
ငါးသယံဇာတပေါများစေရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ ရွှေ မြိုင်သီရိနယ်မြေ၊ မျှော်လင့်ဆိပ်ကမ်း၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်း၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးလှမင်းဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှု ကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး အတ္ထရံမြစ် အတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁,၅ဝဝဝဝ) ကို အတ္ထရံမြစ်အတွင်း ငါးမျိုးစိုက်ထည့် ပေးခဲ့သည်။
မော်လမြိုင်ခရိုင်အတွင်း ယနေ့ထိ မြစ်/ချောင်း/ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၆) သိန်းခန့် ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီး ကျန်ရှိသော ဆည်၊ ရေ လှောင်ကန်များ သို့လည်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဆက်လက်၍ ငါးမျိုးများ စိုက်ထည့်သွားမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
ခင်စန်းမြင့်