ကဝ ဇူလိုင် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို အုန်းနှဲကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်၏ နေအိမ်၌ ယနေ့နံနက် (၉) နာရီမှ (၁၁) နာရီအထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ထိုသင်တန်းတွင် ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး (ကိုယ်စား) ဌာနခွဲစာရေးကြီး ဦးထွန်းလင်းက ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) စနစ်နှင့်အညီ မွေးမြူဆောင်ရွက်ကြရန်နှင့် ထိုစနစ်ဖြင့် မွေးမြူဆောင်ရွက်မှသာလျှင် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း ပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ အုန်းနှဲကျေးရွာနှင့် သက္ကလကျေးရွာရှိ ငါးမွေးကန်လုပ်ငန်းရှင် သင်တန်းသား/သူ (၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)