စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ရှိသင်တန်းသား၊ သင်တန်းသူများ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် အထူးနေ့လယ်စာစားပွဲ တက်ရောက်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိကြသည်။

စစ်ကိုင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းမြို့တွင် ခရိုင်၊ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖောင်းပြင်မြို့တွင် ပိုးလောက်လန်းအန္တရာယ်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ၊ ၀မ်းလျှော၀မ်းပျက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းများကို မြို့ပေါ်ရှိရပ်ကွက်(၂)ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကိုရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကသာမြို့ သီရိခေမာဈေးကြီး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟုမ္မလင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် (၇)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ၊ ဟုမ္မလင်းတံတား ချဉ်းကပ်လမ်း‌ ဘေးဝဲ၊ ယာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွှေဘိုတက္ကသိုလ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ စာစီစာကုံးနှင့် ​ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်ကကျင်းပရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်​ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊​​ ရွှေဘိုတက္ကသိုလ်​ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုးမျိုး၊ ဒု​ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာတင်တင်ရီနှင့်​ဒေါက်တာမြယဥ်ယဥ်ငြိမ်း၊ ပါ​မောက္ခ၊ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများကျောင်းသား/​ကျောင်းသူများ တက်​​ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်‌ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ နန္ဒ္ဝန်ရပ်ကွက်ရှိ စည်သူလမ်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဖူဆယ်လောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

လုံခြုံရေးဂိတ်များတွင်  တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေး  အဂတိကင်းစွာဖြင့် ဆောင်ရွက်သွားကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှာကြား

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာ နိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှုမြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေး ဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင် ငွေကြေးကောက်ခံမှုများ မရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများ မရှိစေရေး နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန်လို အပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေးပျုငှာစွာဖြင့် ဝန်ထမ်းကောင်းစိတ်ဓာတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ကြောင်း  မှာကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ကျပ်သိန်းပေါင်း ၁၄၉၀၀ ကျော်ထောက်ပံ့

စ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား  ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိူင် ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၁၂၅၀ နှင့် ဝန်ထမ်း/မှီခို ၆၀၀၇ ဦးစုစုပေါင်း ၂၇၂၅၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁,၄၉၀,၃၄၈,၁၀၀ (ကျပ်သိန်းပေါင်း တစ်သောင်း လေးထောင်ကိုးရာ သုံးသိန်းလေးသောင်း ရှစ်ထောင်တစ်ရာ) ကို  ပေးအပ်သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး