စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းအလိုက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁၉

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အတန်းအလိုက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေး သက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အတန်းအလိုက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၌ ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ၄ ရက်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း (၆)သင်း၊ အမျိုးသမီးအသင်း(၇)သင်း စုစုပေါင်း(၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)