ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “အမှားကြာလျှင်အမှန်ထင်ပြန်ပြင်မရ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “အမှားကြာလျှင်အမှန်ထင်ပြန်ပြင်မရလူ့လောက” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။