ရွှေဘို ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် KNT Armwrestling တို့ ပူးပေါင်းကျင်းပသော Arm wrestling ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီတွင် ရွှေဘိုမြို့ ရန်ကြီးအောင် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော Arm wrestling ပြိုင်ပွဲကို အမျိုးသား ၅၀ ကီလိုဂရမ်နှင့် ထက်နှင့် open အလေးချိန်လိုက် ခွဲခြားကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် (၅၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတစ်လျှောက်တွင် ပြိုင်ပွဲဝင်များအနေဖြင့် လက်တင်အား၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့်နည်းစနစ်များကိုလည်း ပြသနိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆုတံဆိပ်၊ ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ယခုလို Armwrestling ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး လူငယ်များအား အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်မှုမြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)