စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် မတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ကုက္ကိုလ်လမ်း မှပိတောက်လမ်းအထိ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဟုမ္မလင်းမြို့တွင်မိခင်နှင့် ကလေး‌စောင့်ရှောက်ရေးအသင်းပိုင်၏၂၀၂၅-၂၀၂၆ပညာသင်နှစ်၊မူလတန်းကြိုကျောင်းဆင်းပွဲ နှင့်ပဒေသာကပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းပိုင်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့မိခင်နှင့် ကလေး‌စောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူပွဲ တက်ရောက်   

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၂ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၄ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ

မင်းကင်းမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းနှင့် ကုန်စည်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းနှင့် ကုန်စည်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာ ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ခန္တီးမြို့၌ သက်တမ်းကုန် ရက်လွန်ဆေးဝါးနှင့် စားသောက်ကုန်များ‌ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခန္တီးမြို့တွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းဆိုင်များတွင် သက်တမ်းကုန်ရက်လွန်ဆေးဝါးနှင့် စားသောက်ကုန်များ‌ ရောင်းချမှုမရှိစေရေးအတွက် မတ် ၄ ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ခန္တီးမြို့၌ ဈေးမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ  ဈေးမီးလောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက်စေရန်၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ‌ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၅ ရက်နေ့နံနက်(၉)နာရီအချိန်က မြို့မမင်္ဂလာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းနည်းပညာတက္ကသိုလ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလမ်းစိုပြည်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ပူးပေါင်၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းနည်းပညာတက္ကသိုလ်ခန်းမ၌  ကျင်းပခဲ့သည်။

ခန္တီးမြို့၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံနာဂမိစ်ဘာသာစကားအရေး/အပြော သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုတို့ပူးပေါင်း၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံနာဂမိစ်ဘာသာစကား အရေး/အပြော သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် (၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းမြေပဲ စိုက်ဧကအားလုံးရိတ်သိမ်းပြီး ၁၀၇၂၂၂၁ တင်းထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ၌ စိုက်ပျိုးသော မြေပဲစိုက်ဧကအားလုံးရိတ်သိမ်းပြီး ၁၀၇၂၂၂၁ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး