မင်းကင်းမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းနှင့် ကုန်စည်ဈေးနှုန်း တည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းကင်း မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းနှင့် ကုန်စည်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာ ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇေယျာစည်သူနှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးသန်းနိုင်နှင့် ရဲမှူးထွန်းဇော်တို့က မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မရှိရေး၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံကုန်စည်ဈေးနှုန်းတည်ငြိမ်ရေး၊ စက်သုံးဆီများ အလွန် အမင်းဝယ်ယူသိုလှောင်မှုကြောင့် မီးဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် သက်ဆိုင်ရာ ဌာနများမှ စိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသည့် စက်သုံးဆီဆိုင်ရာ အသိပေးထုတ်ပြန်ချက်များအား ချပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ ရေယာဉ်ပိုင်ရှင်များ၊ ဆီစက်/ဆန်စက်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း အင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။ 

မင်းကင်း(ပြန်/ဆက်)