စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေပြု၍ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးများက ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများက ရဟန်းရှင်လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခြင်းးကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ငါးရက်တိုင်တိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်၌ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် စိုက်ဧက (၇၉၁၇)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ လျာထားဧကထက် ပိုမိုကာ (၁၂၁၄၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံသီးနှံ ဧက ၁၁၅၃၅ ရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံသီးနှံ ဧက ၁၁၅၃၅ ရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ MSMEs စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်း၊ မုံရွာကုန်စည်ဒိုင်အတွင်း ပဲမျိုးစုံ ရောင်းဝယ်နေမှုများအား ကြည့်ရှုခြင်းနှင့် မုံရွာကုန်စည်ဒိုင်အသင်းအဖွဲ့များနှင့်တွေ့ဆုံ  

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တစ်ရက်လျှင် လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော်အထုပ် ၁၃၀ ပါ၊ ဂျက်ဖာ ၁၀၀၀ ဝန်းကျင်ထုတ်လုပ်နေသည့် “ပွဲတော်အုပ်” လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် လုပ်ငန်းခွင်သို့ရောက်ရှိရာ လုပ်ငန်းတာဝန်ခံမှ လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် ဆိုဒ်အမျိုးမျိုးထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများ၊ သိုလှောင်ထားရှိမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။

ရေဦးမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေနဒီဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့ ၀န်ထမ်းအိမ်ရာတွင် မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရေဦးမြို့ ဝန်ထမ်းအိမ်ရာတွင် ယမန်နေ့နံနက် (၁၀) နာရီက မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

မုံရွာမြို့၌ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် Grade-1 ကျောင်းသား/သူများကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ‌ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းကစတင်၍ မုံရွာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် Grade-1 ကျောင်းသား၊ ကျောင်းသူများအား လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံဖြိုးတိုးတက်စေရေးအတွက် Grade-1 ကျောင်းသား/သူများအား နေ့လယ်စာ ကျောင်းတွင်းအာဟာရ ကျွေးမွေးဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ စသာကုန်းကျေးရွာ၌ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ စသာကုန်းကျေးရွာတွင် ၂၀၂၄ - ၂၀‌၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကသာမြို့တွင် ရိုးရာဓလေ့ စတုဒိသာများ ကျွေးမွေးဆောင်ရွက်ရာ ပြည်ည်သူများ ပျော်ရွှင်စွာ ဆင်နွှဲခြင်းဖြင့် စည်ကားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ရိုးရာဓလေ့အရ စတုဒိသာအလှူများ ကျွေးမွေးခြင်းကို ရပ်ကွက်များအလိုက် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဗျားရပ်ကွက်၌ အလှူရှင်များက ယနေ့နံနက် (၇) နာရီမှ ညနေ့ (၄)နာရီအချိန်အထိ ကျွေးမွေးဆောင်ရွက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး