မုံရွာ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းကစတင်၍ မုံရွာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် Grade-1 ကျောင်းသား၊ ကျောင်းသူများအား လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံဖြိုးတိုးတက်စေရေးအတွက် Grade-1 ကျောင်းသား/သူများအား နေ့လယ်စာ ကျောင်းတွင်းအာဟာရ ကျွေးမွေးဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာမုံရွာမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများရှိ အမှတ်(၇)၊(၈)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ-၂ တို့သို့ ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူ မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးနောက် Grade-1 ကျောင်းသား၊ ကျောင်းသူများကို တစ်ပြေးညီ ကျောင်းတွင်းအာဟာရ ကျွေးမွေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါလူစွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေ့လယ်စာကျောင်းတွင်းအာဟာရ ကျွေးမွေးဆောင်ရွက်ရာတွင် မုံရွာမြို့နယ်တွင် ကျောင်းပေါင်း (၈၃)ကျောင်းရှိ Grade-1 ကျောင်းသား/သူ စုစုပေါင်း (၅၃၀၅)ဦးအား ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)