ကသာ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ရိုးရာဓလေ့အရ စတုဒိသာအလှူများ ကျွေးမွေးခြင်းကို ရပ်ကွက်များအလိုက် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဗျားရပ်ကွက်၌ အလှူရှင်များက ယနေ့နံနက် (၇) နာရီမှ ညနေ့ (၄)နာရီအချိန်အထိ ကျွေးမွေးဆောင်ရွက်ရှိကြောင်း သိရသည်။
စတုဒိသာအလှူရှင် ဦးမောင်အုန်း+ ဒေါ်စန်းနွဲ့၊ ဦးပြည့်စိုး+ဒေါ်ခင်မြင်ရီတို့က ဝက်သားဟင်းအချိန် (၃၀၀)ချက်၊ သီစုံအချည်ရေဟင်း၊ ငြုပ်သီးကျော်၊ ဟင်းပေါင်းနှင့် ခရမ်းချဉ်သီးပန်ထွေဖျော်တို့ဖြင့် ကျွေးမွေးဧည့်ခံကြရာ ကသာမြို့ပေါ်မှ လူမျိုးဘာသာ အရုပ်အလတ်မရွေး တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး လမ်းတစ်လျောက်တွင် စည်ကားလျက်ရှိကြောင်း သိရသည်။
ကသာမြို့တွင် ဝါကျွတ်ချိန်မှစ၍ အလှူရှင်တစ်ဦးတည်းသော်လည်းကောင်း၊ အလှူရှင်များစုပေါင်း လျက်ရှိသော်လည်းကောင်း၊ ရပ်ကွက်များအလိုက် အဆက်မပြတ် စတုဒိသာများ ကျွေးမွေးကြသည်မှာ မြို့၏ ချစ်စဖွယ်ကောင်းသော ဓလေ့ထုံးတမ်းအစဉ်အလာဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် ရပ်နားထားခဲ့ရသည့် စတုဒိသာကျွေးမွေးခြင်း အစဉ်အလာကို ယခုနှစ်မှစ၍ ပြန်လည်ကျင်းပဆောင်ရွက်ရာ အများပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)