ကျွန်းလှမြို့နယ်၊ စသာကုန်းကျေးရွာ၌ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ကျွန်းလှ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ စသာကုန်းကျေးရွာတွင် ၂၀၂၄ - ၂၀‌၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၅၅ သန်း၊ စုစုပေါင်း ၁၇ ဒသမ ၅၅ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများပြီးစီးသည့်အတွက် အိမ်ခြေ ၁၀၉ အိမ်၊ လူဦးရေ ၅၉၇ ဦးတို့အား သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို