ရေဦးမြို့ ၀န်ထမ်းအိမ်ရာတွင် မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

ရေဦး ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရေဦးမြို့ ဝန်ထမ်းအိမ်ရာတွင် ယမန်နေ့နံနက် (၁၀) နာရီက မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲက သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း အကြောင်းအရာများကိုလည်းကောင်း၊  ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းနှင့် ခေတ်မီစက်ကိရိယာများအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်စီးဌာန၊ ဦးစီးမှူးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာ၀န်ထမ်းများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရေစိုအ၀တ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဂက်စ်အိုးအသုံးပြုရာတွင် သတိပြုဆောင်ရွက်ရမည့် နည်းလမ်းများကို ပူးပေါင်းပါ၀င် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအပါအ၀င် သ‌ဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် ဆောင်ရန်ရှောင်ရန်အချက်များပါ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြပြီး မီးငြှိမ်းယာဥ်တစ်စီး၏ မီးငြှိမ်းသတ်နိုင်မှုစွမ်းရည်များကို ပြသခဲ့ကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)