စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့နယ်တွင် ဂျုံသီးနှံစိုက်ဧက (၃၁၀၃၅)စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဂျုံစိုက်ပျိုးရာသီ၌ ဂျုံသီးနှံဧက(၃၁၀၅၇)စိုက်ပျိုးရန်လျာထားခဲ့ရာမှာ (၃၁၀၃၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ဂျုံစိုက်ဧက (၃၁၀၃၃) စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံ ဧက ၁၈၀၀၀ ကျော်ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော ပဲမျိုးစုံ ဧက ၁၈၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှု တတိယနေ့ သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကန့်ဘလူတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့်ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူမျာ် လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါ အထူးကုကွင်းဆင်းကုသပေးခြင်း တတိယနေ့စစ်ဆေး၊ ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်းများ တတိယနေ့ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးဝါးကုသမှုခံယူလျက်ရှိသော ပြည်သူ့စစ်လူနာများအား ထောက်ပံ့ငွေများပေးအပ်၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်ချက်အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ဓါတ်မြေဩဇာနှင့်လက်ဆွဲမျိုးစေ့ကိရိယာ)တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ‌ဒေသခံတောင်သူများ နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့်လက်ဆွဲမျိုးစေ့ကိရိယာ) တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်၊ စိမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ကသာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာရပ်ကို ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်က ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကလေးဝမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တွင်းလှည့်လည်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကန့်ဘလူခရိုင်/မြို့နယ်ဌာနဆိုင်များနှင့် တွေဆုံပွဲနှင့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာ၊ လက်ဆွဲမျိုးစေ့ချကိရိယာ ပေးအပ်ပွဲတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၁၀ နာရီခန့်က ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးမင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီခန်းတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းမြို့၊ သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်အောင်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး (၁၅)နှစ်ပြည့် နှစ်ပတ်လည်အောင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လေးကျွန်းမြေအုဌ်ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး