ကလေးဝ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တွင်းလှည့်လည်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိင်္ခ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရပ်ကွက်နေပြည်သူများအား မီးချိတ်၊ မီးကတ်၊ လှေကား၊ ရေ၊ သဲ၊ မီးသတ်ဆေးဘူးများ အိမ်တိုင်းဆောင်ထားရန် မီးကိုသတ်မှတ်အချိန်အတွင်း သတိပြုသုံးစွဲရန် လေပြင်းတိုက်ခတ်ချိန်အတွင်း မီးငြှိမ်းသတ်ထားကြရန် မြို့တွင်းလှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)