အင်အားပြင်းမြေငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မန္တလေးအင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့အဆောက်အဦးများ၊ လူနေအိမ်များနှင့် သေဆုံး၊ ဒဏ်ရာရဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။