မုံရွာ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီးမြေ အသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း စပါးသီးနှံအာဟာရဓာတ်ချို့တဲ့မှုနှင့် အဆိပ်သင့်မှုလက္ခဏာများ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဦးစွာ စစ်ကိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က အမှာစကားပြောကြားပြီး သင်တန်းကိုဆက်လက်ပို့ချရာတွင် တိုင်းဒေသကြီးဦးစီးမှူးက စပါးပင်အာဟာရဓာတ် ဖြည့်သွင်းမှုနှင့် စံကွက်ရိတ်သိမ်းနည်းစနစ်များအားလည်းကောင်း၊ တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ထွေးဝင်းက အရွက်အရောင်တိုင်းကတ် (LCC)အသုံး ပြု၍ နိုက်ထရိုဂျင်အာဟာရဓာတ်လိုအပ်ချက်တိုင်း တာမှုများအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ဖြူဇာဝင်းက စပါးသီးနှံအာဟာရဓာတ်ချို့တဲ့မှုနှင့် အဆိပ်သင့်မှုလက္ခဏာဆိုင်ရာ နည်းပညာများကို အသီးသီးအသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေပေးအပ်ခဲ့သည်။
အဆိုပါ နည်းပညာပေးသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့်မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းစုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ပြီး သိလိုသည့်မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများက တိုင်းမြေအသုံး ချရေးဌာနခွဲကအဆိုပါ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံးဝန်းအတွင်း စိုက်ပျိုးထားသော စပါးသီးနှံစိုက်ခင်းတွင် အရွက်အရောင်တိုင်းကတ် အသုံးပြု၍ နိုက်ထရိုဂျင်အာဟာရဓာတ် လိုအပ်ချက်တိုင်းတာမှုအား လက်တွေ့ပြသရှင်းလင်းမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)