လဟယ် အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မျိုးဆက်သစ်ရတနာဥယျာဉ်ကျောင်း သူရမာလာကျောင်းဆောင်သစ်ကြီးရေစက်ချအလှူ တော်မင်္ဂလာအခမ်းအနားပွဲကို အောက်တိုဘာ ၁၉ နံနက်ပိုင်းက လဟယ်မြို့ မြို့မရပ်ကွက်ရှိအဆိုပါကျောင်းဆောင်သစ်၌ ကျင်းပသည်။
ဦးစွာ လဟယ်မြို့နယ်သာသနာပြုခေါင်းဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယကအကျိုးတော် ဆောင်ဗဟိုသာသနာပြုခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တသုမန(သာသနဓဇသမ္မာစရိယ သာသနာ့တက္ကသီလဓမ္မာစရိယ - B.A Buddhism)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်လာသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့က မေတ္တာသုတ်တရားတော်ရွတ်ဖတ်ပူဇော်ကြပြီး အလှူရှင်များဖြစ်သော ကျောင်းဒါယကာ ဒုတိယဗိုလ်မှူးကြီးမြင့်သူရ(ငြိမ်း) - ကျောင်းဒါယိကာမ ဒေါ်မာလာသိန်း(ရွှေထိုက်-စိန်ရွှေရတနာ-နေပြည်တော်) မိသားစုက ကန်တော့ပွဲ နှင့်လှူဖွယ်ပစ္စည်းများကိုဆပ်ကပ်လှူဒါန်းသည်။ ထို့နောက် မျိုးဆက်သစ်ရတနာဥယျာဉ်ကျောင်း သူရမာလာကျောင်းဆောင်သစ်အတွက် မတည်ငွေကျပ် ၃၀၀ နှင့် တောင်တန်းတန်းသာသနာပြုဌာနကျောင်း(၄)ကျောင်းအတွက် မော်တော်ဆိုင်ကယ်(၄)စီးတို့ကို ဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် ပင့်သံဃာ(၆၂)ပါးအား ကထိန်းသင်္ကန်း၊ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကိုရုပ်သိမ်းပြီး အလှူရှင်များက ရွှေမိုးငွေမိုးရွာသွန်းပေးပြီး သံဃာတော် အရှင်သူမြတ်များနှင့်သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။