ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ကန့်ဘလူ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းအမယ်( ၅)မျိုး ပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကန့်ဘလူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ကန့်ဘလူမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ထောက်ပံ့ပစ္စည်းအမယ်(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့်ကြာဇံတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား အသီးသီးပေးအပ်ကြသည်။ အဆိုပါအခမ်းအနားတွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် ရက် ၃၀ စာ လူတစ်ဦးလျှင်ငွေကျပ် ၃၇၉၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့်ကြာဇံတို့ကို အိမ်ထောင်စု စုစုပေါင်း ၃၁၆၆ စုအတွက် ငွေကျပ် ၁၁,၉၉၁,၄၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)