နာဂဒေသ လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စက်ကိုင်သင်တန်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

လဟယ်   အောက်တိုဘာ   ၂၁

၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ရက်တွင် ပါတီစုံဒီမိုကရေစ်အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စက်ကိုင်သင်တန်းနှင့် မဲရုံသရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိန်းသူအောင်က မဲပေးစက်အသုံးပြု၍ နည်းစနစ်မှန်ကန်စွာ မဲပေးနိုင်ရေး ပြည်သူများအခွင့်အရေးမဆုံးရှုံးစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှစေတနာ့၀န်ထမ်းများအား စက်ကိုင်သင်တန်းနှင့် မဲရုံသရုပ်ပြသင်တန်းကို ဖွင့်လှစ်ပြီး စာတွေ့လက်တွေ့သင်ကြားပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများက စမ်းသပ်မဲပေးကြသည်။ အဆိုပါသင်တန်းကို အောက်တိုဘာ ၁၇ ရက်မှ၂၁ ရက်အထိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လဟယ်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်များမှ စေတနာ့ဝန်ထမ်း(၁၈၈)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စမ်းသပ်မဲပေးမှုကို လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့၀င်များတက်ရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သက်ဆိုင်ရာကော်မရှင်အဖွဲ့၀င်များ၊ ရပ်ကျေးအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)