ပဲခူးတိုင်းဒေသကြီး

ဇီးကုန်းမြို့နယ်၌ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား ကျောင်းသူများ Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စာမေးပွဲစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း (အထက-ဇီးကုန်း) ၌ ယမန်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန် ၁၄ ရက်နေ့က ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/ လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/ လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။      

တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သနပ်ပင်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို သနပ်ပင်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မဲကုန်းရပ်ကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်တွင် ဒေါင်လိုက်မြေဖွစက် (Power Harrow)ဖြင့်မြေပြုပြင် ထွန်ယက်ခြင်း  ကွင်းသရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၈)စက်မှုလယ်ယာစခန်းမှ  ဒေါင်လိုက်မြေဖွစက်(Power Harrow) ဖြင့် မြေပြုပြင် ထွန်ယက်ခြင်း  သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြောက်နန်ချွန်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်“ စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ” ကျင်းပ  

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ” ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်၌ တရားမဝင်တင်သွင်းလာသည့် လူသုံးရန်မသင့်သော ကုန်ပစ္စည်းအမျိုးမျိုးအားဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင် တင်သွင်းလာသည့် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးရန် မသင့်သောဆေးဝါးအမျိုးမျိုး၊ လူသုံးရန်မသင့်သည့်အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် အင်ဂျင်ဝိုင်ဆီများအား ဖျက်စီးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ခါးရှည် အမြဲတမ်းစစ်ဆေး ဂိတ်ဝင်းအတွင်း၌ ပြုလုပ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အနောက်ရပ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး