ပေါက်ခေါင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ပေါက်ခေါင်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများကိုလည်းကောင်း စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သင်းသင်းထွေးက လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့ပြီး သင်တန်းကိုစတင်ခဲ့ကာ ကျွမ်းကျင်(၂) (ဓာတ်ပုံ)(အင်အားပြ) ဦးဖုန်းကျော်ဇင်က မိုဘိုင်းဖုန်းဖြင့်ဗီဒီယိုရိုက်ကူးခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ရုပ်ပုံများထည့်ခြင်း၊  Logo ထည့်​​ခြင်း၊ နောက်ခံအသံထည့်ခြင်း၊  ပုံစာရေးသားခြင်း၊ တီးလုံးထည့်သွင်းခြင်း၊ ဓာတ်ပုံအယူအဆ အနေအထား တို့ကို သင်ကြားပေးခဲ့ကြောင်းသိရသည်။

သင်တန်းသို့ ပေါက်ခေါင်းမြို့နယ်၊ ဌာနဝန်ထမ်းများနှင့် နည်းပညာစိတ်ဝင်စားသူ Youth Club လူငယ်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၂) ရက်တိုင်တိုင် စာတွေ့/လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)