ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ မြန်မာနိုင်ငံရဲတပ်ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် မဲဆန္ဒရှင်များ  ကြိုတင်ဆန္ဒပြုမဲ ပေးခြင်းကို ယနေ့နံနက် ၉နာရီမှစ၍  မြို့နယ်ခန်းမတွင် ဆောင်ရွက်ကြသည်။

မင်းလှမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းဝင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲများ စတင်ပေးနှံခဲ့‌ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ (၁၁) ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါကွင်း၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပသည်။

မင်းလှ၌ (၂၃)ကြိမ်မြောက် အ.လ.ကလမ်းမတော်ကျောင်းသား/ သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.လ.က လမ်းမတော်ကျောင်း၊ သီရိရတနာခန်းမ၌ (၂၃)ကြိမ်မြောက် အ.လ.ကလမ်းမတော်ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို  ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့၌ ၂၀၂၆ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား (U-18) မြို့နယ်ပေါင်းစုံကျောင်းသားဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား (U-18) မြို့နယ်ပေါင်းစုံကျောင်းသားဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ဆောင်းသီနှံများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးခဲ့ရာ စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပေါင်းတည်မြို့နယ်၌ ပန်းချီပြိုင်ပွဲ ကျင်းပ

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒိုက်ဦးမြို့နယ်၌မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ (၁၁) ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့်ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီ ကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နေ့ထူး၊ နေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲသတိရနေစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး