မင်းလှ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းဝင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲများ စတင်ပေးနှံခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်တို့၏ကြီးကြပ်မှုဖြင့် ဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲများပေးနှံခဲ့ကြောင်း၊ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)